Padamyar FM
ဒီနေ့အတွက်စကား
- Author: Vários
- Narrator: Vários
- Publisher: Podcast
- Duration: 0:03:00
- More information
Informações:
Synopsis
Don’t be afraid to change. You may lose something good but you may gain something better. ပြောင်းလဲခြင်း။ ပြောင်းလဲခြင်းဆိုတဲ့ ဒီစကားလုံးက ကျွန်တော့်တို့ လူသားတွေအတွက်တော့ တကယ့်ကိုမှ အရေးပါတဲ့စကားလုံးတစ်ခွန်းပါ။ ကျောက်ခေတ်မှာရှင်သန်ခဲ့ရတဲ့ ဂူတွင်းအောင်းတဲ့ကျောက်ခေတ်လူသားတွေဘဝကနေ အခုဆိုရင် နောက်ဆုံးပေါ် အကောင်းဆုံးဆိုတဲ့ ပစ္စည်းတွေကိုတီထွင်ကိုင်တွယ်အသုံးပြုနိုင်တဲ့ တိုးတက်တဲ့ခေတ်ကလူသားတွေဖြစ်လာခဲ့တာကလည်း ပြောင်းလဲခြင်းဆိုတဲ့အရာကိုလူသားတွေလုပ်ဆောင်ခဲ့လို့ပါပဲ။ ဒါကြောင့် တိုးတက်ဖွံ့ဖြိုးခြင်းဆိုတဲ့စကားလုံးနဲ့ ပြောင်းလဲခြင်းဆိုတဲ့ စကားလုံးဟာသိပ်ကိုမှ နီးစပ်ပြီးပတ်သက်နေတဲ့ အရာတွေဖြစ်ပါတယ်။ ပြောင်းလဲမှုမရှိရင် ဒုံရင်းကဒုံရင်းတိုးတက်မှုဆိုတာ လည်းဘယ်နည်းနဲ့မှ ရှိမှာမဟုတ်ပါဘူး။ နိုင်ငံရေးအရပဲကြည့်ကြည့် စီးပွား ရေးအရပဲကြည့်ကြည့်၊ လူမှုရေးအရပဲကြည့်ကြည့် တိုးတက်ဖွံ့ဖြိုးမှုကိုလူတိုင်းလိုချင်ကြပေမယ့် ပြောင်းလဲခြင်းဆိုတဲ့ဒဏ်ကိုတော့ လူသားတိုင်းစီးမျောခံစားလိုက်ပါနိုင်မှုမှာတော့ မတူကွဲပြားကြပါတယ်။ အဓိကကတော့ တိုင်းပြည်ကိုတိုးတက်စေနိုင်ဖို့ အသာ ထား၊ မိမိကိုယ်ကိုတိုးတက်စေနိုင်ဖို့ဆိုရင် မိမိမှာရှိတဲ့ပြောင်းလဲသင့်တဲ့ အကျင့